ဒဂုံတောင် ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းစာမေးပွဲ အောင်စာရင်းများ ယနေ့ နံနက်(၈)နာရီ အချိန်က အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ထုတ်ပြန်ကြေညာ ထားကြောင်းသိရသည်။
ရှေးဦးစွာ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းရှိ အလယ်တန်းအဆင့် ဖြေဆိုသူ ကျား (၁၃၈) ဦး၊ မ (၁၄၉) ဦး စုစုပေါင်း (၂၈၇) ဦး ဝင်ရောက်ဖြေဆိုရာ ဖြေဆိုအောင်မြင်မှု ရာခိုင်နှုန်း ၁၀၀ ရာခိုင်နှုန်း ရှိပြီး အထက်တန်းအဆင့်ဖြေဆိုသူ ကျား(၁၉၄)ဦး၊ မ(၂၁၄)ဦး စုစုပေါင်း (၄၀၈) ဦး ဝင်ရောက်ဖြေဆိုရာ ဖြေဆိုအောင်မြင်မှု ရာခိုင်နှုန်း ၁၀၀ ရာခိုင်နှုန်း အောင်မြင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အလယ်တန်းနှင့် အထက်တန်းစာမေးပွဲ အောင်စာရင်းများကို မြို့နယ်အတွင်းရှိ စာသင်ကျောင်း အသီးသီးတွင်လည်းအချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိကြောင်း သတင်းရသည်။
သက်မင်းဟန်(ဒဂုံတောင်)