မိုင်းလုံ ဧပြီ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများနှင့် ကလေးငယ်များကို အသိပညာဗဟုသုတတိုးပွါးစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေးအစီစဉ်များကို ပြည်သူ့စာကြည့်တိုက် Pageများတွင် နေ့စဉ်လွှင့်တင် ဆောက်ရွက်ပေးလျက် ရှိပါသည်။
ယနေ့မှာတော့ ကျောင်းသား/ကျောင်းသူများနှင့် ကလေးငယ်များကို ပုံပြင်များ ကလေးဘဝ တည်းက စိတ်တွင်စွဲထင် ကျန်ရစ်နေစေရန်၊ သစ်ပင်များ၏အကျိုး ကျေးဇူးများကိုသိရှိစေရန်၊ ကူညီတက်သော စိတ်ထားရှိစေရန်၊ စာအုပ်စာပေနှင့်အမြဲထိတွေ့စေရန်၊ ယဉ်ကျေးလိမ္မာသော သားသမီးများဖြစ်စေရန်ရည်ရွယ်၍ တအောစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် "သစ်ပင်တွေကိုမခုတ်ပါနဲ့" စာအုပ်ဖြင့် ပုံပြင်ပြောဆိုခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။
ကိုဗစ်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေ ဝါသနာရှင်များအတွက် အသိပညာဗဟုသုတတိုးပွါးစေရန် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ကျန်းမာရေးဆောင်းပါး မိတ်ဆက်ခြင်းစသည့် အစီအစဉ်များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍ Online မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)