သာယာဝတီ ဧပြီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းကျေးရွာအုပ်စု၊ ချောင်းဂေါင်းကျေးရွာတွင် ဧပြီလ ၇ ရက်က လေပြင်းတိုက်ခတ်မှုကြောင့်ဖြစ် ဖြစ်ပွားခဲ့သော တောင်ညိုလေးတောရ ဘုန်းတော်ကြီးကျောင်းအား ထောက်ပံ့ပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို အဆိုပါကျောင်း၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ယင်းသို့ ထောက်ပံ့ပေးအပ်ခြင်းကို သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူများက အုတ်ဖိုမြို့နယ်၊ တောင်ညိုလေးတောရ ဘုန်းကြီးကျောင်းရှိ ဝိဇ္ဇာဆောင်၊ သိုက်နန်းဆောင်၊ နားနေဆောင်၊ ရေသန့်စက်၊ ကားဂိုဒေါင်တို့ရှိ ပျက်စီးသွားသော အမိုးသွပ် (၂၆၉) ချပ်ကို အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်အတူ တောင်ညိုလေးဘုန်းတော်ကြီးကျောင်း ဆရာတော်ထံသို့ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)