ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေ ရေဂါလံ တစ်သိန်းခွဲကျော်လှူဒါန်းခဲ့ပြီးဖြစ်

ညောင်ဦး  ဧပြီ  ၂၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော တာလမ်း တဲတိုက်သို့ ယနေ့ နံနက် ၁၀ နာရီအချိန်မှစတင်ပြီး သောက်သုံးရေဂါလံ (၃၂၀၀) သွားရောက် လှူဒါန်းခဲ့ကြောင်း အေးမေတ္တာ သောက်ရေအလှူတော် အသင်းအကျိုးဆောင်များထံက သိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျှက်လျှက်ရှိသော ညောင်ဦး မြို့နယ် တောဇွန်တဲတိုက်နှင့် လေးတဲစုတဲတိုက်သို့ ရေဂါလံ ၃၂၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ကျေးရွာများအတွက် ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုသောက်သုံးရေ လှူဒါန်းသည့် တောဇွန်တဲတိုက်အတွက် သောက်သုံးရေဂါလံ ၁၆၀၀၊ လေးတဲစုတဲတိုက်အတွက် သောက်သုံးရေ ၁၆၀၀ ဂါလံ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေ (၁၆၃၀၆၀)ဂါလံ ညောင်ဦး မြို့နယ်သောက်သုံးရေလိုအပ်နေသော ကျေးလက်နေပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ ကြောင်း သိရသည်။

ကိုထိန်၊KPD