May 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီအားလပ်ရက်များတွင် လူငယ်များကျန်းမာကြံ့ခိုင်စေရန်နှင့် ဘက်စုံထူးချွန်၍ ကာယဉာဏစွမ်းရည်များ တိုးတက်လာစေရန်၊ နိုင်ငံတော်အတွက် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးရန် ရည်ရွယ်၍ မြန်မာ့သိုင်း အခြေခံသင်တန်းကို မေ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက် ၉ နာရီ အချိန်တွင် မြန်မာ့သိုင်းသင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။