ကလိန်အောင် မေ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင်ကျင်းပသော ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ဒေါ်ခင်ခင်လဲ့က နွေရာသီကျောင်းပိတ်ရက်များ၌ ကလေး လူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် နှင့် အားလပ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ကာလာအသုံးပြုနည်းများ၊ လူငယ်လူရွယ်များ စာပေလေ့လာ ဖတ်ရှုခြင်းဖြင့် အသိပညာ တိုးပွားလာပြီး အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် လိုက်ဖက် သောဆေးရောင်ကာလာများ ရွေးချယ်တတ်စေရန် ရည်ရွယ် ၍ ယခုလိုပြိုင်ပွဲများ ကျင်းပ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။
အဆိုပါ ပြိုင်ပွဲတွင် ကလေးလူငယ်လူရွယ်များပါဝင်ယှဉ်ပြိုင်ကြပြီးဆေးရောင်ခြယ်ပြိုင်ပွဲကို မိမိတို့စိတ်ကြိုက် ဆေးရောင်များဖြင့် ခြယ်သခဲ့ကြပြီး အကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်သူများကို စာကြည့်တိုက်လက်ထောက်-၃ဒေါ်ခင်ခင်လဲ့က အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပေးအပ် ခဲ့ကြောင်းသိရသည်။
ခင်ခင်လဲ့(ပြန်/ဆက်)