May 05,2022
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် စိုက်ပျိူးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ပွဲကို ယနေ့ နံနက်ပိုင်းက ကြို့ပင်စခန်း ကျေးရွာအုပ်စု စက်မှုလယ်ယာစနစ်တကျ ဖော်ထုတ် ထားသည့် (၁၂၃) ဧက ကွင်းတွင် ကျင်းပခဲ့သည်။