နယ်ရုံးများ၏သတင်းများ

May 05,2022
လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ စာပေချစ်သူများ အသင်း Book Club အဖွဲ့ဝင် များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်း က ပြုလုပ်ခဲ့ကြောင်းသိရသည်။
May 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှ ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူ(Book Club)အသင်းဝင်များက ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က စာရေးဆရာ ရနံ့သိုက် ရေးသားထုတ်ဝေသည့် “သင့်အနာဂတ်ကို သင်ကိုယ်တိုင် ဖန်တီးယူပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
May 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လည်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေး အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
May 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်း မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကို အ.ထ.က သဲကုန်း၊ သာဓုခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
May 05,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ (၇၆) နှစ်မြောက်မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ် ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း(Women Club)၊တို့ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန်  ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် (၉)နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 05,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မီးတိုင်တောကျေးရွာအုပ်စုတွင် မိုးကြိုးထိမှန် သေဆုံးသူနှစ်ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦး၊ မြောင်းရိုးကြီးကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်၍ လူနေအိမ်နှစ်လုံး အမိုးလန်ပျက်စီးဆုံးရှုံးမှုအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက ကွင်းဆင်း ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
May 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်အတွင်း သန့်ရှင်းသာယာ လှပစေရေး၊ မြို့တော်အင်္ဂါရပ် နှင့်အညီ တင့်တယ် လှပစေရေးတို့အတွက် ယာယီမော်တင်ဈေးရပ်ကွက် ဥပစာလမ်း (ကမ်းနားဆိပ်) ရှိကုန်တင် / ကုန်ချ ဆိပ်ခံဘောတံတား ဝဲ / ယာရှိ အမြင် မသင့်တယ်သည့်လမ်း‌ ဘေးပျံကျ‌ ဈေးဆိုင်ပစ္စည်းများနှင့် အမှိုက်များရှင်းလင်း /ဆောင်ရွက်ခြင်း လုပ်ငန်းကို ယနေ့ နံနက် (၇) နာရီခွဲအချိန်ခန့်က ကမ်းနားဆိပ် တစ်‌လျောက်ပြုလုပ်ခဲ့သည်။