နယ်ရုံးများ၏သတင်းများ

May 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပြန်ကြား‌ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများတို့က  ယနေ့ နံနက် (၉)နာရီအချိန်ခန့်တွင် အမှတ်(၁၅၁)ခြေလျင်တပ်ရင်း၌ ကျောင်းသား/သူများအား  ‌လူငယ်ရေးရာ အသိ ပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက် မြင့်မားလာစေရန် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏဖွံ့ဖြိုးစေမည့် ပြိုင်ပွဲများကို ယနေ့နံနက်(၉)က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ကြောင်း သိရသည်။
May 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူများအား၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့် အိုမီခရွန်ကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက ကွင်းဆင်း ထိုးနှံပေးလျက်ရှိသည်။
May 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင်ကျေးရွာ အုပ်စုတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၁၅) နှစ်မှ (၁၈) နှစ်အတွင်း ပြည်သူများ၊ အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို
May 05,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးမှ ဝန်ထမ်းများက တိုက်ပွဲရှောင်ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် အခမဲ့ဝန်ဆောင်မှုပေးခြင်းကို မေလ (၄)ရက်နေ့ နေ့လည် (၁)နာရီအချိန်က နမ္မတူမြို့နယ်၊ ကြူဆော့ (IDP) စခန်းခန်းမ၌ ကွင်းဆင်းဆောင်ရွက် ခဲ့ပါသည်။
May 05,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် အတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်၊ လူရွယ်များ ပေါ်ထွန်း လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကာ ရှေးဦးသူနာပြုစုနည်း သင်တန်း (၂) ရက်မြောက်နေ့ကို ယနေ့ နံနက် ၈ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆက်လက် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
May 05,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပသော ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ခြင်းကို အ ထ.က မင်းလှ (မြို့တွင်း)ကျောင်း သပြေခန်းမ၌ ယနေ့ နံနက် ၈ နာရီချိန်က စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့သည်။