မိုင်းတုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိCommunity Centre ခန်းမနှင့် ကလေးစာဖတ်ခန်း၌ ဟောပြောပွဲနှင့်ကလေးပြိုင်ပွဲများ ကျင်းပပြုလုပ်

မိုင်းတုံ  မေ  ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ (Community Centre)ခန်းမနှင့် ကလေးစာဖတ်ခန်းတွင်‌ ဟောပြောပွဲ၊ ညဏ်စမ်း၊ စာဖတ်စွမ်းရည်၊ သင်္ချာစွမ်းရည်၊ ဉာဏစွမ်းရည်၊ ကာယစွမ်းရည်အရုပ်ခေါက်နှင့်၊‌ဆေးရောင်ခြယ် ပြိုင်ပွဲများကို  ၄-၅-၂၀၂၂ရက်နှင့် ၅-၅-၂၀၂၂ရက်များတွင် ခွဲ၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာပြိုင်ပွဲဝင်လာ‌ ရောက်ကြသောကလေးငယ်များကို “ရှောင်လေဝေးဝေးမူးယစ်ဆေး” ခေါင်းစဉ်ဖြင့် က‌လေးများဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဦးစီအရာရှိ ဒေါ်ဝင်းဝင်းခိုင်က ဟောပြော‌ပွဲပြုလုပ်ပြီး‌နောက် ပြိုင်ပွဲများကျင်းပပေးခဲ့သည်။ ယင်းသို့ပြိုင်ပွဲများပြုလုပ်‌ပေးရခြင်းသည် မြို့ပေါ်၊‌ ကျေးရွာရှိကလေးငယ်များ၊‌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်စွမ်းအား၊ ကိုယ်စွမ်းအား၊ အသိဉာဏ်၊ ဖြတ်ထိုးဉာဏ်များ‌ ‌ ပေါ်ပေါက်လာစေရန်၊ ပေါင်းသင်း ဆက်ဆံရာတွင် ချိုချိုသာသာပြောတတ်သည့် အလေ့အထဖြစ်ပေါ်လာစေရန်၊ စိတ်ဓာတ်ခွန်အားများ အကျိုးရှိစွာအသုံးချတတ်စေရန်၊ အများအကျိုးကို ဆောင်ရွက် တတ်သည့် အ‌လေ့အကျင့်‌ကောင်းများဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်နှင့် ဗဟုသုတများတိုးပွားလာ‌စေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။

အဆိုပါ ကလေးများမှာ‌ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာမှကလေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကလေးများအား အမှတ်တရလက်ဆောင်များနှင့် မုန့်များပေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်ဆက်)