နယ်ရုံးများ၏သတင်းများ

May 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကွင်းဆင်းငှားရမ်း ပေးခဲ့ကြောင်း သိရသည်။
May 05,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက် လာမှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 05,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့အတွင်းရှိ လူငယ်လူရွယ်များ ကျန်း မာကြံ့ခိုင်ပြီး ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် နွေရာသီ အခြေခံ တိုက်ကွမ်ဒိုအားကစားသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့ ညနေ (၄)နာရီက သင်တန်းဆင်းပွဲကျင်းပခဲ့သည်။
May 05,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်ကစတင်၍ တောင်သာအ.ထ.ကကျောင်း  နဝရတ်ခန်းမနှင့် စုရပ်(၃) နေရာတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 05,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ကုန်းလည်ကျေးရွာအုပ်စုတွင် ဧပြီ ၃၀ရက်နေ့ က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ပြိုကျနေအိမ်(၇)လုံး၊ အမိုးလန်နေအိမ်(၁၄) လုံးတို့အတွက် လူအသုံးအဆောင်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းကုန်ကျစရိတ်နှင့် ဆန်ရိက္ခာဖိုးငွေများ ကို ယနေ့နံနက် ၁၁နာရီ အချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ အဆိုပါ အိမ်ထောင်စုများထံသို့ ထောက်ပံ့ပေးနိုင်ရန် ကုန်းလည် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
May 05,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါကို ပိုမိုထိရောက်စွာ  ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့်  ကူးစက်ပြန့်နှံ့မှု လျော့နည်း  ကျဆင်းစေရန်  ရည်ရွယ်၍   ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို   အရှိန်အဟုန်မပျက်   ထိုးနှံပေးလျက် ရှိကြောင်း   သိရသည်။
May 05,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ဘုရင့်နောင်ဈေးကြီးတွင် ရောင်းချလျက်ရှိသည့် Paris ဆပ်ပြာခဲ များတွင် ကုန်အညွှန်းအမှတ်အသားပါအလေးချိန်နှင့် မြေပြင်တွေ့ရှိမှုအလေးချိန်ကွာခြားမှု ရှိမရှိစစ်ဆေး လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးရာသီကာလအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ရည်ရွယ်ပြီး လှိုင်းဘွဲမြို့နယ် သစ်တောဦးစီးဌာနရှိ ပျိုးဥယျာဉ်အတွင်း ပျိုးပင်ပေါင်း(၄၀၀၀၀) စိုက်ပျိုးထားရှိကြောင်း သိရသည်။