မိုးညှင်းမြို့လူထုအခြေပြုဗဟိုဌာန၌ ပညာဘဏ်ကျေးရွာ စာကြည့်တိုက်အဖွဲ့ဝင် လူငယ်များအား စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသ

မိုးညှင်း မေ ၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အင်းတော်ကြီးဒေသ မမုန်ကိုင်ကျေးရွာရှိ ပညာဘဏ်‌ကျေးရွာစာကြည့်တိုက်အဖွဲ့ဝင် လူငယ်များအား စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်းများ ခင်ကျင်းပြသခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များ ပြသရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ပြပွဲတွင် ရသစာအုပ်များ၊ အသိပညာဗဟုသုတများ တိုးပွားစေမည့် သုတစာအုပ်များ၊ ကလေးစာစောင်များ၊ ဂျာနယ်စာစောင်များ၊ စာပေဗိမာန်ဆုရ စာအုပ်များနှင့် ဘာသာပြန်စာအုပ်များ စသည့် စာအုပ်စာစောင် စုစုပေါင်း (၁၀၀)ကျော်ကို ခင်းကျင်း ပြသခဲ့သည်။

ထို့နောက် နံရံကပ်စာစောင်များပြသရာတွင် ကမ္ဘာမြေကိုထိန်းသိမ်းဖို့ ငါတို့...ဘာတွေ လုပ်ပေးနိုင်မလဲ၊ အမှိုက်များကို စနစ်တကျစွန့်ပစ် ဖျက်ဆီးခြင်းဖြင့် ကမ္ဘာကြီးကို ကယ်တင်ပါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ခေါင်းစဉ်များဖြင့် ပြသခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)