နယ်ရုံးများ၏သတင်းများ

May 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာန၊  မြို့နယ်အားကစားနှင့်    ကာယပညာဦးစီးဌာနနှင့်  ကာရာတေး  ကလပ်အသင်းတို့ ပူးပေါင်းပြီး အေရိုးဗစ်သင်တန်း (အခမဲ့)  ဆင်းပွဲကို ယမန်နေ့ ညနေ(၄)နာရီက လူထု အခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
May 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေး စာဖတ်ခန်းတွင် အင်္ဂလိပ်စာသင်တန်း(4 Skill) သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသူ၊ သင်တန်းသားများအား ဉာဏ်စမ်းပဟေဠိ၊ စကားပုံဆက်နှင့် ဂိမ်းစကားနည်းပြိုင်ပွဲများကို မေလ(၄)ရက်နေ့ မွန်းလွဲ (၂) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ထောင်စု (၆၄) စုအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ကြာအင်းကုန်းကျေးရွာနှင့် သံပုရာခုန်ကျေးရွာတို့အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ မြို့နယ် ကျက်သရေဆောင် ကျိုက္ကလွန်ဗွန်းစေတော်မြတ်ကြီးတွင် ယနေ့ နံနက် (၈)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 04,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊  တောင်ကြီးခရိုင်၊   ကျောက်တလုံးကြီးမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် ယနေ့နံနက်(၁၀)နာရီ အချိန်က ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များကို အခမဲ့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
May 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန(Community Center)၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့တို့ ပူးပေါင်းကျင်းပပြုလုပ်သော ရှေးဦးသူနာပြုစုနည်းသင်တန်း (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လူထု အခြေပြု ဗဟိုဌာန Community Centreခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။