May 06,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၏ ဒေသဝမ်းစာဖူလုံရေးအတွက် အထွက်တိုး စပါးများ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ နွေစပါးအထွက်နှုန်း စနစ်တကျမှတ်တမ်းတင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် စန္ဒဝတ်ကျေးရွာ အုပ်စု ကျွဲကူးကျေးရွာရှိ တောင်သူ ဦးချမ်းအေး၏ စပါးသက်တမ်း (၁၁၅)/(၁၂၀)ရက်ရှိ ရတနာတိုး နွေစပါးစိုက်ခင်းတွင် ယမန်နေ့ ရိတ်သိမ်းချွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခဲ့ကြသည်။