နယ်ရုံးများ၏သတင်းများ

May 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ လူငယ်လူရွယ်လေးများအနေဖြင့် အကောင်းနှင့်အဆိုးကို မှန်ကန်စွာသိမြင်ပြီး အမှားနှင့်အမှန်ကို မှန်ကန်စွာ ရွေးချယ်တတ်စေရန် အတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ လူငယ်ဂုဏ်ရည် ” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
May 10,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများက မြို့နယ်အတွင်း လေဘေးသင့်ခဲ့သော အိမ်ထောင်စုများမှ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီက ပြုလုပ်ခဲ့သည်။
May 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကုန်တင်ကုန်ချရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့သည်။
May 10,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်  သံတောင်ဒေသနေပြည်သူများ  တစ်ပိုင်တစ်နိုင် သဘာဝပျားရည်စစ်စစ်  ရောင်းချသည့်လုပ်ငန်းဖြင့်  မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
May 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မင်းလှမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ဝေဠုဝန်ပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တကုဏ္ဍလမဟာထေရ်မြတ် သက်တော် (၉၈) နှစ်၊ ဝါတော် (၇၈) ဝါရှိ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ပူ‌ဇော်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီချိန်က ပြုလုပ်ခဲ့သည်။
May 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်အတွင်းရှိ စံ(၅)ရပ်ညီ စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
May 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ညောင်ဝိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တည်ထားကိုးကွယ်လျက်ရှိသော မဟာအမိတလောကရံသီ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နှစ် (၁၀၀) ပြည့် ဗုဒ္ဓပူဇနိယပွဲတော် အလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် အဆိုပါဘုရားကြီး၌ ကျင်းပသည်။
May 09,2022
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်တွင် အသက်မွေးကြောင်းအထောက်အကူပြု  အခြေခံစက်ချုပ်သင်တန်းကို  ယနေ့နံနက် ၉ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဆက်လက်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။