May 09,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်း စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်းသိရသည်။