နယ်ရုံးများ၏သတင်းများ

May 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး (Community Centre)ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပန်းချီပညာသင်တန်းကို ဖွင့်လှစ်ခဲ့သည်။
May 09,2022
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာ‌ပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ သုတစာပေဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးဌေးအောင်(ဌေးအောင်-မန်းတက္ကသိုလ်)၊ မြို့နယ် စာရေးဆရာအသင်း(နာယက) ဦးလှဘော်(မအူပင်လှဘော်)၊ ဦးကံလှ(မောင်ခိုင်ဖြိုး)၊ မြို့နယ်ဥက္ကဋ္ဌ ဦးထွဏ်းလှအောင်နှင့် အဖွဲ့ဝင်များ၊ စာအုပ်စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြသည်။
May 09,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ မြေနဲကြီးကျေးရွာတွင် ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်နှင့် ဝန်ထမ်းများမှ သွားရောက်ကာ ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်တွင် တောင်သူအသိပညာပေး ဆွေးနွေး​ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူများအား၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့် အိုမီခရွန်ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
May 09,2022
မန္တလေးခရိုင်၊ မဟာအောင်‌မြေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ကလေးသူငယ်များနှင့် စာဖတ်ပရိသတ်များအတွက် စာအုပ်၊ စာပေနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် စာရေးဆရာမ နှင်းဝေငြိမ်း ရေးသားသော "ဆူးမုန်တိုင်း"စာအုပ်မိတ်ဆက်‌ပေးခြင်း အစီအစဉ်များကို လွှင့်တင်ဆောင်ရွက် ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသားလူငယ်များ၊ စာပေချစ်သူများ အနေဖြင့် စာကြည့်တိုက်သို့ လာရောက်၍ ဤစာအုပ်ထဲမှာ ရေးသားထားသည့် နာဂစ်မုန်တိုင်းထဲမှာ အသိုက်ပျက်ခဲ့ရသော ကျောင်းဆရာမိသားစုလေးကိုအခြေတည်ကာ ဘဝတူဒုက္ခသည်တို့၏ ဝရုန်းသုန်းကားဗြောင်းဆန်နေသော ဖြစ်ရပ်များ ပေါင်းဖွဲ့ပေးထား‌သာ သုတ၊ ရသ စာအုပ်ကောင်းများရွေးချယ်ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ Online မှတစ်ဆင့်အသုံးပြု၍ အလွယ်တကူ စာဖတ်နိုင်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေးအတွက် ဝန်ထမ်းများမှ အလှည့်ကျ အစီအစဉ်ဖြင့် နေ့စဉ် Online မှ အသိပညာပေး အစီအစဉ်များကို ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိသည်။
May 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ကို မေလ ၉ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလှူဒါန်းထားသော စာအုပ်/စာစောင်များကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များသို့ ပြန်လည်ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်( ၁၀:၀၀) နာရီက ကျင်းပပြုလုပ်သည်။