နယ်ရုံးများ၏သတင်းများ

May 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်  စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ဝဥစိုက်ပျိုးဝင်ငွေတိုး ခေါင်းစဉ်ဖြင့် အသိပညာပေး  (Talk Show)ကို  သရက်ချောင်းမြို့နယ် (Community Centre) လူထုအခြေပြုဗဟိုဌာန၌  ယနေ့နံနက်  ၁၀ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အား Grade-5 (သင်ရိုးသစ်) သင်ခန်းစာများကို ကောင်းမွန်စွာ ပြန်လည်ပို့ချသင်ကြားနိုင်စေရန် ရည်ရွယ်၍ အခြေခံပညာမူလတန်းကျောင်း Grade-5 (သင်ရိုးသစ်) Face to Face မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က အင်းစိန် မြို့နယ်၊ အ.ထ.က (၆) ကျောင်းခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
May 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၃)နှင့် ပူးပေါင်း၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို မေလ(၉)ရက်နေ့နံနက်(၉)နာရီက ဘက်စုံသုံးခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
May 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို မေလ(၉)ရက်နေ့ ညနေပိုင်းက ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
May 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်သင်ရိုးသစ် Grede-5  သင်တန်း (၁/၂၀၂၂) ကို ယနေ့နံနက် ၉ နာရီက သင်တန်းဖွင့်ပွဲအခမ်းအနားအား အခြေခံပညာအထက်တန်းကျောင်း၊ ရေဖြူမြို့ကျောင်းခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။
May 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Gread-5) သင်ရိုးသစ် မြို့နယ်အဆင့်ဆင့်ပွား သင်တန်းဖွင့်ပွဲကို အထက (၂) ကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
May 10,2022
မန္တ​လေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက “စာဖတ်ခြင်း ၏အကျိုးကျေးဇူး” ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
May 10,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေကိုချစ်မြတ်နိုးသူ မိဘပြည်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေး အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက သုတအလင်းစာအုပ်မှဒေါက်တာသန့်ဇင်ရေးသားထားသည့် "လူ့ခန္ဓာကိုယ်အကြောင်းသိကောင်းစရာ" အကြောင်းအရာအစီအစဉ်ကိုရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။