နယ်ရုံးများ၏သတင်းများ

May 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့ (Community Centre) ခန်းမ၌ စာရေးဆရာ အောင်သင်း၏ ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား  ယနေ့ နံနက် (၉:၀၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
May 10,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် မိုးစပါးစိုက်ပျိုး ထွန်ယက်ခြင်းကို မိရိုးဖလာ ခိုင်းကျွဲ များ၊  လက်တွန်းထွန်စက်များနှင့် ထွန်စက်ကြီးများဖြင့် လယ်ဧကများကို စိုက်ပျိုးကြရာ ယခုနှစ်တွင် စိုက်ပျိုးထွန်းယက် စရိတ်မြင့်မားမှုကြောင့် အခက်အခဲကြုံတွေ့နေရသည့် တောင်သူအချို့အား မြိတ်ခရိုင်ဆန်စပါးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌမှ ထွန်စက်ကြီးဖြင့် သက်သာသည့် စရိတ်ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း  တောင်သူများထံမှ သိရသည်။
May 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး ပထမအကြိမ် ထိုးရန်ကျန်သူများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက ဆေးထိုးစုရပ် (၄) နေရာ ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
May 10,2022
 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် Grade-5 သင်ရိုးသစ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကမမောင်းမြို့၊ အ‌ခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 10,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စာရင်းဇယားများအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
May 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့​သည်။
May 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ် လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တစွမ်းရည်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့ နံနက် ၉:၃၀ နာရီမှ စတင်ကာ တစ်ဦးချင်း လုပ်ဆောင်နိုင်မှု များကို မှတ်တမ်းတင်၍ ယှဉ်ပြိုင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။