မိုးညိုမြို့နယ်တွင် လေဘေးသင့်နေအိမ်မှ မိသားစုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်

မိုးညို မေ ၁၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများက  မြို့နယ်အတွင်း လေဘေးသင့်ခဲ့သော အိမ်ထောင်စုများမှ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီက  ပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မေလ ၈ ရက်နေ့တွင် ကျေးရွာအုပ်စု (၄) အုပ်စု၊ ကျေးရွာ (၄) ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ် (၄) လုံး၊ ပြိုလဲပျက်စီး‌နေအိမ် (၆) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၅၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၁၀) စုရှိ လူဦးရေ (၃၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၇၁၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၂၁၄၀၀) ကျပ်နှင့် ပြိုလဲ‌နေအိမ် (၆) လုံးအတွက်‌ ထောက်ပံ့ရေးပစ္စည်း (၁၇) မျိုး (ပလပ်စတစ်ပုံး) အပါ (၆) အိမ်ထောင်စုစာ တန်ဖိုးငွေ (၂၉၄၂၁၆) ထောက်ပံ့ရေးပစ္စည်း (၁၇) မျိုး (ပလပ်စတစ်ပုံး) အပါ (၆) အိမ်ထောင်စုစာ တန်ဖိုးငွေ (၂၉၄၂၁၆) ကျပ်နှင့် ကတ္ထူပုံး (၆) ပုံးတို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်‌ရေးမှူး၊ ကျေးရွာအုပ်ချုပ်‌ရေးမှူး၊ စာရေးဝန်ထမ်းများနှင့်အတူ လေဘေးသင့်ပြည်သူများထံ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)