ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “ လူငယ်ဂုဏ်ရည် ” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပ

 

သင်္ဃန်းကျွန်း မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ လူငယ်လူရွယ်လေးများအနေဖြင့် အကောင်းနှင့်အဆိုးကို မှန်ကန်စွာသိမြင်ပြီး အမှားနှင့်အမှန်ကို မှန်ကန်စွာ ရွေးချယ်တတ်စေရန် အတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ လူငယ်ဂုဏ်ရည် ” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်း ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက​ ဟော​ပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ အောင်ကြည်ညွန့်(တက္ကသိုလ်)နှင့် စာရေးဆရာ စိုးမြင့်ဒွဏ်းတို့က “ လူငယ်ဂုဏ်ရည် ” ခေါင်းစဉ်ဖြင့် လူငယ်များ၏ ဘဝအောင်မြင်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသေးစိတ် အသိပညာပေး ရှင်းလင်း ဟောပြောခဲ့ကြသည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော လူငယ်လူရွယ်လေးများက သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ကြရာ စာရေးဆရာကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြကြောင်း သတင်းရသည်။

လှလှ​ဌေး