နယ်ရုံးများ၏သတင်းများ

May 10,2022
  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌၊ ယနေ့ နံနက် ၁၀ နာရီက စာရေးဆရာဩမြတ်မေကို ရေးသားသည့်ကြယ်စင်များဆီသို့နှင့် အာရှလူငယ် ဝထ္ထုတိုများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌
May 10,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုပပျောက်ရေး  အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
May 10,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေးဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကြို့ပင်ကောက်မြို့ သောက်သုံးရေရရှိရေးလုပ်ငန်းနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံ လျှော်မျိုးစေ့) ကြဲပတ်ပွဲသို့သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။
May 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်အတွင်းရှိ ဆရာ/ဆရာမများအား Grade-5 သင်ရိုးသစ်သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊ Grade-5 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များကို အသုံးချပုံများ သိရှိစေရန်နှင့် Grade-5 သင်ရိုးသစ် မွမ်းမံသင်တန်း၏ ‌ယေဘုယျဦးတည်ချက်များနှင့် အဓိက ဦးတည်ချက်ကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်း ၈ နာရီအချိန်က မြို့နယ်ပညာရေးဌာန၏ စီစဉ်မှုဖြင့် Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျောက်တံတားမြို့နယ်၊ အခြေခံ ပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 10,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် လသာမြို့နယ်အတွင်းရှိ ဆရာ/ဆရာမများ အား GRADE-5 /Gread-8/Gread-11သင်ရိုးသစ် သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊ GRADE-5 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များကို အသုံးချပုံများ သိရှိစေရန်နှင့် GRADE-5 သင်ရိုးသစ် မွမ်းမံသင်တန်း၏ ယေဘုယျဦးတည်ချက်များနှင့် အဓိကဦးတည်ချက်ကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေးဌာန၏ စီစဉ်မှုဖြင့် Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို လသာမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြု လုပ်ခဲ့သည်။
May 10,2022
နိုင်ငံတော်မှ ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အဓိကသော့ချက်အကျဆုံး နေရာတွင် ပါဝင် နေသောကြောင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ရွှေတောင် မြို့နယ်ရှိကျောင်းများမှ ဆရာ၊ ဆရာမများအား Grade(5) သင်ရိုးသစ်အား မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို (အထက) ရွှေတောင် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်း၌ စတင်ပို့ချပေးလျက်ရှိသည်။
May 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံမူလ တန်းဆင့်Grade-5(သင်ရိုးသစ်)မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ပေါင်းတည်မြို့အ.ထ.က(ပညာရတနာ)ခန်းမ၌ ကျင်းပခဲ့သည်။