ရေဖြူမြို့နယ်တွင် သင်ရိုးသစ် Grade-5 သင်တန်း (၁/၂၀၂၂) ဖွင့်လှစ်ပို့ချ

ရေဖြူ မေ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်သင်ရိုးသစ် Grede-5 သင်တန်း (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ရေဖြူမြို့ကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

သင်တန်းတွင် မြို့နယ်ပညာရေးမှူး ဦးမောင်ညိုက အဖွင့်အမှာစကားပြောကြားကာ သင်တန်းနည်းပြချုပ်ဆရာမကြီးက သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ကျောင်းသား/ကျောင်းသူများအား သင်ကြားပို့ချရာတွင် ကျွမ်းကျင်ပိုင်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်သင်ရိုးသစ် Grade-5 ၏ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာရပ်များကို မေလ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ (၄)ရက် ကြာသင်ကြားပို့ချ သွားမည်ဖြစ်သည်။

သင်တန်းတွင် နည်းပြဆရာများအဖြစ် မူလတန်းကျောင်းအုပ် ၁၆ ဦးက ပို့ချပေးသွားမည်ဖြစ်ပြီး ရေဖြူမြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူး ဦးမောင်ညိုနှင့် လက်ထောက်ပညာရေးမှူးနှစ်ဦးတို့မှ အနီးကပ်ကြီးကြပ်ကာ သင်တန်းသား/သူ ဆရာ/ဆရာမ(၂၂၈)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခတ္တာ(ရေဖြူ)