နယ်ရုံးများ၏သတင်းများ

May 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ပညာရေးဌာနမှ ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက်(၉)နာရီက ဖျာပုံမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
May 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် Grade 5 သင်ရိုးသစ် သင်ကြားပို့ချပေးမည့် ဆရာ/ဆရာမများအား ထပ်ဆင့်ပြန်လည်ပို့ချပေးခြင်း သင်တန်းကို အ.ထ.က ငပုတော၊‌   ရွှေမြကွင်း(အ.လ.က)၊ အ.မ.က(၁)၊ (၂)၊ (၄)၊ဘုံကျော်(ဘ.က) ကျောင်းများတွင် ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
May 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများရရှိလာစေရန် ရည်ရွယ်၍ စစ်တုရင်ပြိုင်ပွဲကို ယမန့်နေ့  မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
May 10,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကံမမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းဆင့် Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် Face to Face  ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို အ.ထ.က(ကံမ) မြ၀တီခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 10,2022
အ​ခြေခံပညာရေး ပြုပြင်ပြောင်းလဲမှုအဖြစ် KG တန်းမှ Great – 12 အထိသတ်မှတ်ပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်​ဖော် ဆောင်ရွက်နိုင်ရေးအတွက် သင်ရိုးသစ်သင်တန်းများ ဖွင့်လှစ်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်း အဆင့် (Great-5) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို
May 10,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ အခြခံပညာကျောင်များမှ ဆရာ၊ ဆရာမများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မူလတန်းအဆင့် သင်ရိုးသစ် (Grade-5) မြို့နယ်အဆင့် (Face to Face) ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချကြောင်း သိရသည်။
May 10,2022
နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသားကျောင်းသူများအား ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နံနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
May 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌၊ ယနေ့ နံနက် ၁၀ နာရီအချိန်နာရီ အချိန်က စာရေးဆရာ ဩမြတ်မေကိုရေးသားသည့် ကြယ်စင်များဆီသို့နှင့်အာရှလူငယ်ဝထ္ထုတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။