လက်ပံတန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Gread-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်

လက်ပံတန်း မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Gread-5) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို အထက (၂) ကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာမဒေါ်ခင်စမ်းမြင့်က အခြေခံပညာမူလတန်းအဆင့် Gread- 5 (သင်ရိုးသစ်) ဖြင့် သင်ကြားမည့် ဆရာ၊ ဆရာမများ စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချစေနိုင်ရန် သင်ကြားမှုသင်ယူမှုစနစ်သစ်၏ ထိရောက်မှုကိုနားလည်ရန်၊ သင်ရိုးသစ်ကို ကျောင်းသား၊ ကျောင်းသူများ ကောင်းစွာသင်ယူနိုင်စေရန်အတွက် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ လက်ပံတန်းမြို့နယ်မှ ဆရာ၊ ဆရာမ (၇၉၄) ဦးတက်ရောက်၍၊ သင်တန်း (နည်းပြ) ဆရာ၊ ဆရာမ (၅၄) ဦးက ဦးဆောင်ပို့ချ ပေးမှာဖြစ်ပြီး သင်တန်းကာလမှာ မေလ ၁၀ ရက်နေ့မှ  ၁၃ ရက်နေ့ အထိ (၄) ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)