မိုင်းဆတ်မြို့၌ စာဖတ်ပရိတ်သတ်လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေး

မိုင်းဆတ် မေ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို မေလ(၉)ရက်နေ့ ညနေပိုင်းက ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

နွေရာသီအားလပ်ရက်များတွင် လူငယ်၊ လူရွယ်များ၊ စာပေဝါသနာရှင်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတရရှိစေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်သည့် အလေ့အထများရရှိစေရန်၊ စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် စာဖတ်ပရိတ်သတ်များ အဆင်ပြေစွာငှားရမ်းဖတ်ရှုနိုင်ရန် ရည်ရွယ်၍ နယ်လှည့်ငှားရမ်းပေးခြင်းဖြစ်သည်။

ယင်းသို့ စာအုပ်၊ စာစောင်များ နယ်လှည့်ငှားရမ်းပေးရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက သုတ၊ ရသစာအုပ်ပေါင်း(၂၅၀)ကို သယ်ဆောင်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့သစ်ရပ်ကွက်ရှိ ဆံသဆိုင်များရှိ စာဖတ်ပရိတ်သတ်လက်ဝယ်အရောက် နယ်လှည့်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)