သရက်ချောင်း မေ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ဝဥစိုက်ပျိုးဝင်ငွေတိုးခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ကို မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက ဝဥ၏ မူရင်းဒေသ၊ ဝဥအမျိုးအစား၊ ဝဥ ကြိုက်နှစ်သက်သည့် ရာသီဥတုနှင့်မြေအမျိုးအစား၊ ဝဥမျိုး ရွေးချယ်စိုက်ပျိုးနည်း၊ စိုက်ပျိုးရမည့် နည်းလမ်း၊ တူးဖော်ရိတ်သိမ်းနည်း၊ ဝဥအခြောက်ခံနည်း၊ ဝဥစျေးကွက် အခြေအနေ၊ ဝဥစားသုံးခြင်းဖြင့် ရရှိမည့်ကျန်းမာရေး အကျိုးကျေးဇူးနှင့် ဝဥစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
နန်းခလိုက်(သရက်ချောင်း)