နမ့်ဆန် မေ ၁၀
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေကိုချစ်မြတ်နိုးသူ မိဘပြည်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေး အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သုတအလင်းစာအုပ်မှဒေါက်တာသန့်ဇင် ရေးသားထားသည့် "လူ့ခန္ဓာကိုယ်အကြောင်းသိကောင်းစရာ" အကြောင်းအရာအစီအစဉ်ကိုရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူမိဘပြည်သူများနှင့် သားငယ်/သမီးငယ်များအား ဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတဆင့် သုတ/ရသ စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စက္ကူခေါက်အစီအစဉ်များကို စဉ်ဆက်မပြတ် နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Facebook Page မှတဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်