နယ်ရုံးများ၏သတင်းများ

May 11,2022
ကရင်ပြည်နယ်၊  ဘားအံခရိုင်၊ ဘောဂလိမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ပြည်သူများ  အသိပညာဗဟုသုတရရှိစေရန်နှင့်   ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမတွင်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး (TALK SHOW)  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
May 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူလေးများ ကာယ၊ ဉာဏစွမ်းရည် ဖွံဖြိုးတိုးတက်စေရန်၊ ကလေးငယ်လေးများဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်ကူးစိတ်သန်း အတွေးအခေါ်များမြင့်မားလာစေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ စာပေမှအသိပညာ ဗဟုသုတများ တိုးပွားရရှိစေရန်ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၃)ရက်မြောက်နေ့အဖြစ် ပို့ချလျက်ရှိသည်။
May 11,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက်(၁၅)နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Astra Zeneca)ကို  ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက အမှတ် (၆)ရပ်ကွက် မြို့မဘုန်း​တော်ကြီး​​ကျောင်း၌ အသက် (၁၅)နှစ်အထက် ရဟန်း၊ ရှင်သာမဏေနှင့် သီလရှင်များအား သွားရောက်ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
May 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်ရေးအသိပညာပေး (Talk Show) ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 11,2022
စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာသားငါးထုတ်ကုန် တိုးမြှင့်ရေးပြပွဲ၊ ဆွေးနွေးပွဲနှင့် မျိုးစေ့ပေး အပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီအချိန်တွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ၊ ခန္တီးခရိုင်၊ ရွှေဘိုခရိုင်၊ တမူးခရိုင်၊ ကန့်ဘလူခရိုင် စိုက်ပျိုးရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက  Video Conferencing စနစ်ဖြင့်  တက်ရောက်ကြသည်။
May 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလေးများ ကာယ၊ ဉာဏစွမ်းရည် ဖွံဖြိုးတိုးတက်စေရန်၊ ကလေးငယ်လေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်ကူးစိတ်သန်း အတွေးအခေါ်များမြင့်မားလာစေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်စေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ စာလုံးပေါင်းသတ်ပုံ၊ စာပေဖတ်ရှုမှု အဖြတ်အတောက်မှန်ကန်စေရန်၊ စာပေမှ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်ရည်ရွယ်၍
May 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade-5 တက်ရောက်သင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကောင်းမွန်စွာ ပြန်လည်ပို့ချသင်ကြားနိုင်စေရန် ရည်ရွယ်ကာ အခြေခံပညာ(သင်ရိုးသစ်) Grade-5 မြို့နယ်အဆင့် (Face to Face)သင်တန်းကို အ.ထ.က(၁) ကျောင်းခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့နံနက်ပိုင်းမှစတင်ဖွင့်လှစ်ပို့ချလျက်ရှိသည်။