ကျောက်ဖြူ မေ ၁၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ အခြခံပညာကျောင်များမှ ဆရာ၊ ဆရာမများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မူလတန်းအဆင့် သင်ရိုးသစ် (Grade-5) မြို့နယ်အဆင့် (Face to Face) ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်ဖြူခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ညွန့်ညွန့်အေးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် သင်တန်းကို ဆက်လက်ပို့ချရာ သသသင်တန်းနည်းပြဆရာ (၆၂) ဦးတို့က ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ ၉၈၁ ဦးတို့အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့်ပြည်သူ့ နီတိ၊ ကာယ၊ ဂီတ/ပန်းချီ စသော (Grade-5) သင်ရိုးသစ်ဘာသာရပ်များအား စာတွေ့၊ လက်တွေ့ ပို့ချပေးလျက်ရှိသည်။
အဆိုပါ သင်ရိုးသစ် (Grade-5) မြို့နယ်အဆင့်(Face to Face) ဆင့်ပွားသင်တန်းကို မေလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ (၄) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ အလားတူ Grade-8 သင်တန်းကိုလည်း မေလ ၁၆ ရက်နေ့တွင် ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း