နယ်ရုံးများ၏သတင်းများ

May 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများမှ ခမောက်ကြီးမြို့ ဗိုလ်ချုပ်လမ်း မကြီးနှင့် ရပ်ကွက်လမ်းကြားများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား အများပြည်သူသိရှိလိုက်နာနိုင်ရန် အသံချဲ့စက်ဖြင့် ယနေ့နံနက်ပိုင်းက လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
May 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မေ ၉ ရက် မွန်းလွဲ ၂ နာရီက  အဆိုပါရုံး၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊ ကလေးသူငယ်များနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်၏ လမ်းညွှန်မှုဖြင့် တိုက်နယ်ဆရာဝန်ဒေါက်တာ အေးမင်းသော်နှင့် ကျန်းမာရေးဝန်ထမ်းများမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို မြို့မ ၁ လမ်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
May 11,2022
ကရင်ပြည်နယ် ဘားအံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံရန်အတွက် စုရပ် (၁၀)နေရာတွင်  ယနေ့နံနက် ၉ နာရီမှ စတင်၍ ညနေ(၄)နာရီထိ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် လိပ်သိုဒေသရှိ ကျေးရွာအများအပြားတွင် နှစ်ရှည်သီးနှံတစ်မျိုး ဖြစ်သော လိုင်ချီးသီးများ ရင့်မှည့်လာ၍ ဒေသခံသီးနှံခြံပိုင်ရှင်များက ဆွတ်ခူးရောင်းချလျက်ရှိရာ အလုံးတစ်ရာပါတစ်ထုတ်ကို ကျပ် ၂၀၀၀မှ ကျပ် ၃၅၀၀ အထိ စျေးရရှိလျက်ရှိပြီး တောင်ငူမြို့သို့ အဓိကပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။
May 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် နွေရာသီကျောင်းပိတ်ရက် ရက်ရှည်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ လူငယ်၊ လူရွယ်များနှင့် စာပေဝါသနာရှင်များ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်နှင့် စာဖတ်သည့်အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီခွဲက နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
May 11,2022
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာတွင် (၄၂)ကြိမ်မြောက် ကရင်စာပေနှင့်ယဉ်ကျေးမှု သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်တွင် ကွမ်ဘီဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို ကွမ်ဘီကျေးရွာရှိ ရပ်မိရပ်ဖများ၊ ဘုန်းတော်ကြီးများနှင့် ရွာသူရွာသားများမှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
May 11,2022
မန္တလေးတိုင်းဒေသကြီး၊ ​ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ ၌ ယနေ့နံနက် ၉ နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။