ဖျာပုံမြို့တွင် Grade-5 သင်ရိုးသစ်သင်တန်း ဖွင့်လှစ်သင်ကြား

ဖျာပုံ မေ ၁၀


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ပညာရေးဌာနမှ ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက်(၉)နာရီက ဖျာပုံမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂၂-၂၀၂၃ခုနှစ် ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူများအား (Grade-5) သင်ရိုးသစ်ကို ပိုမိုထိရောက်စွာ သင်ကြားနိုင်ရေးနှင့် သင်ကြားနည်းစနစ်များ အရည်အသွေး ကောင်းမွန်စေရန် သင်ရိုးသစ် Grade-5 ဗဟိုနည်းပြသင်တန်းတွင် တက်ရောက်ခဲ့ကြသော ဆရာ ဆရာမ(၆၆)ဦးမှ သင်တန်းသား၊သင်တန်းသူဆရာ/ဆရာမ(၁၁၈၄)ဦးအား သင်ကြားရေး​ကျောင်း စာသင်ခန်း( ၃၃)ခန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့ နီတိ၊ ကာယဘာသာရပ်များကို (၁၀-၅-၂၀၂၂)မှ(၁၃-၅-၂၀၂၂) အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ဖျာပုံမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)