ငပုတော မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် Grade 5 သင်ရိုးသစ် သင်ကြားပို့ချပေးမည့် ဆရာ/ဆရာမများအား ထပ်ဆင့်ပြန်လည်ပို့ချပေးခြင်း သင်တန်းကို အ.ထ.က ငပုတော၊ ရွှေမြကွင်း(အ.လ.က)၊ အ.မ.က(၁)၊ (၂)၊ (၄)၊ဘုံကျော်(ဘ.က) ကျောင်းများတွင် ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Grade 5 သင်ရိုးသစ်တွင် မြန်မာစာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်၊ သင်္ချာဘာသာရပ်၊ သိပ္ပံဘာသာရပ်၊ စရိတ္တနှင့်ပြည်သူ့နီတိဘာသာရပ်၊ ဂီတ/ပန်းချီဘာသာရပ်နှင့် ကာယပညာဘာသာရပ်များတွင် ပါဝင်သည့် သင်ခန်းစာခေါင်းစဉ်အသီးသီးဖြင့်လည်းကောင်း၊ လူမှုရေးဘာသာရပ်တွင် ဘာသာရပ်ဖွဲ့စည်းပုံ၊ ရန်ကုန်တိုင်းဒေသကြီး (ပထဝီဝင်ဘာသာရပ်)၊ ကုန်းဘောင်ခေတ် (သမိုင်းဘာသာရပ်) သင်ခန်းစာခေါင်းစဉ် များဖြစ်လည်းကောင်း သင်ကြားပို့ချပေးမည်ဖြစ်ရာ၊ အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ ဆရာ/ ဆရာမ (၁၁၄)ဦး သင်တန်းသား ဆရာ/ ဆရာမ (၁၇၆၃) ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကို မေလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့ထိ သင်တန်းကာလ ၄ ရက်တာ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နုနုရီ(ငပုတောပြန်/ဆက်)