ကံမမြို့နယ်တွင် အခြေခံပညာမူလတန်းဆင့် Grade-5 သင်ရိုးသစ် မြို့နယ်အဆင့်  Face to Face  ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ကံမ   မေ  ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကံမမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းဆင့် Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် Face to Face  ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို အ.ထ.က(ကံမ) မြ၀တီခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဦးရဲလွင်အောင်နှင့် သင်တန်းကြီးကြပ် နည်းပြများက သင်တန်းနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းမှာကြား ပြောကြားခဲ့ကြသည်။

အဆိုပါသင်တန်းအား အခြေခံပညာမူလတန်းဆင့် ဆရာ/ဆရာမများ သင်ကြားသင်ယူမှု အရည်အသွေးမြင့်မားလာစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကျောင်းသားကျောင်းသူများ ပေါ်ထွန်းလာနိုင်စေရေး လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သင်တန်းကို  နည်းပြဆရာ ဆရာမ (၃၄)ဦးတို့မှ သင်တန်းသား ဆရာ/ဆရာမ (၅၁၈)တို့အား အခန် (၁၇)ခန်းခွဲ၍ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ(၄)ရက်ကြာမြင့် မည်ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)