ကလော မေ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌၊ ယနေ့ နံနက် ၁၀ နာရီအချိန်နာရီ အချိန်က စာရေးဆရာ ဩမြတ်မေကိုရေးသားသည့် ကြယ်စင်များဆီသို့နှင့်အာရှလူငယ်ဝထ္ထုတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေး အမြင်များ ရရှိ၍ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော်အမြင်များ ရရှိလာစေရန် စသည့်ရည်ရွယ်ချက်များ ပြောကြားခဲ့ပြီး၊ စာရေးဆရာ ဩမြတ်မေကို ရေးသားသည့် ကြယ်စင်များဆီသို့နှင့်အာရှလူငယ်ဝထ္ထုတိုများ စာအုပ်ထဲမှ ကြယ်စင်များဆီသို့ခေါင်းစဉ်ပါ အကြောင်းအရာများကို ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမော်က ဖတ်ကြားဆွေးနွေးခဲ့ရာ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club အဖွဲ့ဝင်များက မိမိတို့၏ ထင်မြင်ယူဆချက်၊ ထင်မြင်တွေးခေါ်မှုများအား အပြန်အလှန် ဝေဖန်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)