၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် (Grade-5) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ဒဂုံ(တောင် ) မေ ၁၀

အ​ခြေခံပညာရေး ပြုပြင်ပြောင်းလဲမှုအဖြစ် KG တန်းမှ Great – 12 အထိသတ်မှတ်ပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်​ဖော် ဆောင်ရွက်နိုင်ရေးအတွက် သင်ရိုးသစ်သင်တန်းများ ဖွင့်လှစ်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်း အဆင့် (Great-5) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

အဆိုပါ သင်တန်းအား သင်ရိုးသစ်သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များ နားလည်သဘောပေါက်စေရန်၊ (Great-5) ​ ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များကို အသုံးချပုံများသိရှိစေရန်၊ (Great-5) သင်ရိုးသစ် မွမ်းမံသင်တန်း၏ ယေဘုယျ ဦးတည်ချက်များနှင့် အဓိကဦးတည်ချက်များကို ရန်တို့အတွက်ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပြီးသင်တန်းသို့ မြို့နယ်အတွင်းရှိ မူလတန်းအဆင့် သင်ကြားလျက်ရှိသော ဆရာ / ဆရာမ (၄၃၀) ဦးတက်ရောက်သင်ကြားမှာဖြစ်ပြီး သင်တန်းနည်ပြ ကျောင်းအုပ်ဆရာ / ဆရာမ (၅၂) ဦးမှ (၁၀.၅.၂၀၂၂) မှ (၁၃.၅.၂၀၂၂)အထိ နေ့စဉ်နံနက်  ၉ နာရီမှ ညနေ ၄ နာရီထိ သင်ကြားပြသပေးမည်ဖြစ်သည်။

သင်တန်းဖွင့်လှစ်မှုနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ဦးအေးခင်က “ ယခုသင်တန်းပြီးရင် မူလတန်းအဆင့် သင်ရိုးသစ်သင်တန်းက ပြီးပါပြီ ဒီသင်တန်း (၄) ရက်မှာလည်း ဆရာ/ဆရာမတွေ လုံခြုံရေးဂရုစိုက်ဖို့နဲ့ မိမိတို့ကျောင်းရောက်ရင် ကျောင်းသား / ကျောင်းသူတွေကို နားလည် သဘောပေါက်အောင် သင်ကြားနိုင်ဖို့ ဂရုစိုက်သင်ယူကြရန်မှာကြားထားပါတယ် ” ဟု ပြောကြားသည်။

ကျော်စွာမိုး(ဒဂုံတောင်)