နယ်ရုံးများ၏သတင်းများ

May 11,2022
ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြိုနယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းထားသော စာအုပ်စာစောင် များကို မြို့နယ်ရှိ စံညီစာကြည့်တိုက်ဖြစ်သည့် ရည်ညွှန်း စာကြည့်တိုက်သို့ ပြန်လည်ပေးအပ်လှူဒါန်းပွဲ အခမ်းအနားအား ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ပါသည်။
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးရာသီအတွက် (ပထမ) အကြိမ် အင်းလေလံတင်ရောင်းချခြင်း အခမ်းအနားကို မေ ၁၁ ရက် နံနက် ၁၀ နာရီခွဲချိန်က ပြုလုပ်ခဲ့သည်။
May 11,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယနေ့မွန်းလွဲ(၁)နာရီက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်Talk Show ကျင်းပသည်။
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့နယ်ပြန်/ဆက်ဝန်ထမ်းများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာအောင်သင်း ရေးသားသော "ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်မြင့်မား​ရေးဆွေးနွေးပွဲကို ဌာနဆိုင်ရာ တာဝန်ရှိသူများက​ ယနေ့တွင် ဝါးရုံတော​ကျေးရွာအုပ်စု မျက်နှာပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 11,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှပြည်သူများ စာပေဖတ်ရှု လေ့လာနိုင်စေရန်၊ ​ပြည်သူများစာပေနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန်၊ စာပေဖတ်ရှု လေ့လာလိုသည့် ​ပြည်သူများထံသို့ စာအုပ်များ ငှားရမ်းပေးရန်ဟူသော ရည်ရွယ်ချက်ဖြင့် မြို့ပေါ် ဌာနဆိုင်ရာရုံးများသို့ သွားရောက်ကာ ယနေ့ နံနက်ပိုင်းက စာအုပ်များ ငှားရမ်းပေးလျက်ရှိသည်။
May 11,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယ​​နေ့ နံနက် ၁၁ နာရီအချိန်တွင် မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်နည်းသင်တန်းကို ယနေ့နံနက်၁၀နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။