မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

မရမ်းကုန်း မေ ၁၁

ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြိုနယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းထားသော စာအုပ်စာစောင်များကို မြို့နယ်ရှိ စံညီစာကြည့်တိုက်ဖြစ်သည့် ရည်ညွှန်း စာကြည့်တိုက်သို့ ပြန်လည်ပေးအပ်လှူဒါန်းပွဲ အခမ်းအနားအား ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စာကြည့်တိုက်ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးထင်ကျော်မိုးက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူဖြစ်စေရန် လှူဒါန်းခြင်းဖြစ်ကြောင်း၊ မိမိမြို့နယ်အတွင်း စံညီစာကြည့်တိုက်များ ​ပေါ်​ပေါက်လာ​ရေး ဝိုင်းဝန်းကြိုးပမ်း​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း စသည်ဖြင့်​ပြောကြားပြီး စာအုပ်စာစောင်များအား ထပ်ဆင့်​ပေးအပ်လှူဒါန်းခဲ့ရာ ရည်ညွှန်းစာကြည့်တိုက် ဥက္ကဋ္ဌ တရားလွှတ်​တော်​ရှေ့​နေ ဦးခင်​ဇော် (မရမ်းကုန်း) မှ လက်ခံပြီး​ကျေးဇူးတင်စကား ပြန်လည်​ပြောကြားခဲ့​ကြောင်း သိရသည်။

အခမ်းအနားသို့မြို့နယ် စာကြည့်တိုက်အဖွဲ့ဝင်များ၊ ရည်ညွှန်းစာကြည့် တိုက်အဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အေး​အေး​အောင်(ပြန်/ဆက်)