လယ်ဝေး မေ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယနေ့မွန်းလွဲ(၁)နာရီက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်Talk Show ကျင်းပသည်။
အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှလက်ရွေးစင်အားကစားသမားဟောင်း၊ နေပြည်တော် ဂျူဒိုအသင်း နည်းပြဆရာ ဦးထွန်းထွန်းနိုင်တို့က လူငယ်များတွင်ရှိသင့်သည့် ဗလငါးတန်အကြောင်း၊ လူငယ်များအနေဖြင့် အားကစားလိုက်စားသင့်ကြောင်း၊ အားကစားလိုက်ပါဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် အကြောင်းအရာများစသည်တို့ကို အပြန်အလှန်ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှုစသည့် အစီအစဉ်များကိုရိုက်ကူး၍ Onlineမှ တင်ဆက်ပေးလျက်ရှိရာ လူငယ်နှင့်အားကစား Talk Show အစီအစဉ်ကိုလည်း We Love Leiway Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)