တောင်ငူ၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း ငှားရမ်းပေး

တောင်ငူ မေ ၁၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှပြည်သူများ စာပေဖတ်ရှု လေ့လာနိုင်စေရန်၊ ​ပြည်သူများစာပေနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန်၊ စာပေဖတ်ရှု လေ့လာလိုသည့် ​ပြည်သူများထံသို့ စာအုပ်များ ငှားရမ်းပေးရန်ဟူသော ရည်ရွယ်ချက်ဖြင့် မြို့ပေါ် ဌာနဆိုင်ရာရုံးများသို့ သွားရောက်ကာ ယနေ့ နံနက်ပိုင်းက စာအုပ်များ ငှားရမ်းပေးလျက်ရှိသည်။

ထိုသို့ ငှားရမ်းရာတွင်  ခရိုင်စီမံကိန်းဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (တောင်ငူ) ရုံးတို့တွင် စာအုပ်ငှားရမ်းသူ ၂၀ ဦး စာအုပ်ပေါင်း ၄၀ အုပ်ကို ငှားရမ်းဖတ်ရှုချိန် နှစ်ပတ်ကြာအထိ ဖတ်ရှုနိုင်ရန် ငှားရမ်းပေးပြီး အသင်းဝင်ကတ်ပြားများ ရရှိရေးအတွက် ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ကျန်ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သွားရောက်ကာ နေ့စဉ်နံနက် ၉ နာရီမှ စတင်၍ အလှည့်ကျစနစ်ဖြင့် စာအုပ်ငှားရမ်း ပေးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်