ရှင်ဗွေယန်မြို့ လူထုအ​ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ရှင်ဗွေယန် မေ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယ​​နေ့ နံနက် ၁၁ နာရီအချိန်တွင် မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး​​ ဒေါ်ဝင်းမာချိုက မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအား စကားလုံး​ကြွယ်ဝမှု၊ အသံ​ထွက်နှုန်း မှန်ကန်မှုနှင့် စာဖတ်နှုန်း ကျွမ်းကျင်တိုးတက်လာ​​စေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မူလတန်းအဆင့်စာဖတ်စွမ်းရည်​ပြိုင်ပွဲတွင် ကျောင်းသား/သူပေါင်း (၁၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား ဒုတိယဦးစီးမှူး ဒေါ်ဝင်းမာချိုမှ ဆုများအသီးသီး ချီးမြှင့်​​ပေးအပ်ခဲ့​​ပြီး ​ဝန်ထမ်းများမှ အဟာရမုန့်များ ​​ဝေငှပေးခဲ့ကြောင်း သိရသည်။

ရှင်ဗွေယန်( ပြန်/ဆက်)