အုတ်တွင်းမြို့နယ်၌ မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်

အုတ်တွင်း    မေ    ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်နည်းသင်တန်းကို ယနေ့နံနက်၁၀နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက သင်တန်း ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ သင်တန်းကို ပြန်/ဆက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာနှင့် စာကြည့်တိုက်လက်ထောက်-၃ ဦးစည်သူထက်တို့မှ မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုတည်းဖြတ် နည်းသင်တန်းကို နံနက်၁၀နာရီမှ မွန်းတည့်၁၂နာရီထိမေ၁၁ရက်နေ့မှ မေ၁၃ရက်နေ့ထိ သုံးရက်တာ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းသို့ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ(၁၄)ဦး တက်ရောက်ခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် ကျောင်းစာများအပြင် အခြားဗဟုသုတများ ရရှိစေမည့် နည်းပညာများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ရှိစေရန်နှင့် ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ