မင်းလှ မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးရာသီအတွက် (ပထမ) အကြိမ် အင်းလေလံတင်ရောင်းချခြင်း အခမ်းအနားကို မေ ၁၁ ရက် နံနက် ၁၀ နာရီခွဲချိန်က ပြုလုပ်ခဲ့သည်။
အင်းလေလံပွဲကို တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်းက ကြီးကြပ်သူအဖြစ်ဆောက်ရွက်၍ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှုး ဦးဖြိုးဝေလင်းနှင့် အင်းလေလံရောင်းချရေး ကော်မတီဝင်များတို့က မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ နတ်တလင်းမြိုနယ်အတွင်းရှိ ဂရန်အင်း (၁၅) အင်းကို (ပထမ) အကြိမ် လေလံတင်ရောင်းချရာအနက်မှ ဈေးပြိုင်စနစ်ဖြင့် (၆) အင်းကို အင်းသားကြီးများထံ ရောင်းချနိုင်ခဲ့ပြီး အင်းခွန်ငွေကျပ် (တစ်ရာသုံးဆယ်ငါးသိန်းငါးသောင်း) အား နိုင်ငံတော် အခွန်ငွေရရှိခဲ့ကြောင်း သိရသည်။
ကျန်ရှိသောအင်းများကို မေလ ၂၆ ရက်နေ့ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနရုံးတွင် (ဒုတိယအကြိမ်) အင်းလေလံတင် ရောင်းချခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ မင်းလှ