နယ်ရုံးများ၏သတင်းများ

May 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များအတွက် အဓိကရည်ရွယ်ပြီး လူငယ်တွေစဉ်းစားဖို့ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk show ကိုလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၉) နာရီခန့်က ကျင်းပခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ကျောက်တလုံးကြီးမြို့ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်များအနေဖြင့် ပညာရေးအလုပ်အကိုင် ရွေးချယ်မှုများနှင့်ပတ်သက်ပြီး အချိန်နှင့်ငွေကြေးကို အကျိုးရှိရှိအသုံးချပြီး မိမိဝါသနာပါရာကို မှန်မှန်ကန်ကန်‌ရွေးချယ်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
May 11,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ Physical Fitness Dance သင်တန်းလှစ်ခဲ့ကြောင်း သိရသည်။
May 11,2022
မ​န္တလေးတိုင်း​ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊​ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံ ပညာ မူလတန်းအဆင့် Grade -5  သင်ရိုးသစ် မြို့နယ်အဆင့် (Face to Face)သင်တန်း ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည်။
May 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ (၃)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာများသို့ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်း များအား ယမန်နေ့ နံနက်ပိုင်းက ကျွဲသတ်အုပ်စု၊ နွယ်ခွေကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
May 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် (Youth Club)အဖွဲ့ဝင်များဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁၁)နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
May 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မေလ(၁၀)ရက်နေ့နံနက်(၁၀)နာရီက စာရေးဆရာ အတ္တကျော်၏ “သားငယ်တို့နားလည်ဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ လူငယ်လူရွယ်လေးများနှင့် ကျောင်းသား/သူလေးများ အနေဖြင့် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ရှေးဦးသူနာပြုစုနည်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မိမိ၏မိသားစုနှင့် ပတ်ဝန်းကျင်ရှိလူအများ၏ ကျန်းမာရေးကို တစ်ထောင့်တစ်နေရာမှ ကူညီစောင့်ရှောက်ပေးနိုင်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ (အခမဲ့) ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့သည်။