နယ်ရုံးများ၏သတင်းများ

May 12,2022
ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြေပုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (TalkShow) ပြုလုပ်ဆောင်ရွက်ခြင်းကို မေ ၁၃ ရက်နေ့ ညနေ(၄)နာရီအချိန်က မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
May 12,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်တို့အတွက်ရည်ရွယ်၍   ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်တန်းများ၊ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ မေ ၂၀ ရက် နေ့လည်  ၁ နာရီအချိန်က သဘာဝဘေး အန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော ပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လျှပ်စစ်ဓာတ်အား စနစ်တကျသုံးစွဲရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို မေလ ၁၆ ရက်နေ့ နံနက် ၁၀နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 12,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျွန်းကုန်းကျေးရွာအုပ်စု၊ တင်ဆိပ်ကျေးရွာအုပ်စုနှင့် နနွင်းကုန်း ကျေးရွာအုပ်စု တို့ရှိကျေးရွာ (၃) ရွာတွင် မေလ ၅ ရက်နေ့က လေဘေးသင့်ခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
May 12,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်မီးသတ်အဖွဲ့များ ပူးပေါင်းပြီး ယနေ့နံနက် ၈ နာရီက ကျိုက်ဒုံမြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများအား ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (omicron) ရောဂါပိုးကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
May 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌ေနာက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန် စေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စသည်ဖြင့် မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက်
May 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဘောဂလိမြို့ရုံးဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေန့နက်ပိုင်းက ကရင်မြန်မာနှစ်ဘာသာဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။
May 12,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ဒေသရှိ  ရော်ဘာစိုက်ပျိုးသောတောင်သူအချို့ ယခုအခါ  အစေးလှီးခြင်းနှင့်ရော်ဘာပြားများ  ထုတ်လုပ်ခြင်းလုပ်ငန်း  ခေတ္တရပ်းနားလျက်ရှိကြောင်းသိရသည်။  ယခင်လများက  ရော်ဘာအစေးလှီးခြင်းလုပ်ငန်း ပုံမှန်လုပ်ကိုင်လျက်ရှိပြီး  ရော်ဘာတစ်ပေါင်လျှင်  အရည် အသွေးပေါ်မူတည်၍ ကျပ် (၁၀၀၀)မှ  (၁၁၀၀)ကျပ်ထိရရှိကြောင်း သိရသည်။