နယ်ရုံးများ၏သတင်းများ

May 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့် ပွားမှုကိုလျှော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ တာကရားကျေးရွာအုပ်စု၊ တာကရာကျေးရွာ၌ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရမည့် ပြည်သူ(၆၀)ဦးနှင့်ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူ(၁၀)ဦး စုစုပေါင်း(၇၀)ဦးအား  ယမန်‌နေ့က ကွင်းဆင်းထိုးနှံ‌ပေးလျက်ရှိကြောင်း သိရသည်။
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် ကျန်းမာရေးဌာနခွဲများမှ ရပ်ကွက် / ကျေးရွာများအထိ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
May 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော မေရုဒကုန်းတော်ပေါ်ရှိ ရှေးဟောင်းသမိုင်း ဝင်ဆံကေသာဓာတုရွှေဆံတော် စေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုဒ် အမေကြည်ကုန်းတော်အား ရဟန်းရှင်၊ လူပြည်သူအများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်စေရန်အတွက် တွံတေးမြို့နယ် ဌာနဆိုင်ရာများစုပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယမန်နေ့ နံနက် ၇ နာရီက အဆိုပါ ကုန်းတော်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
May 11,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ရှိကျေးရွာများ၌ တောင်သူများ မိုးဦးကာလတွင် ကြားသီးနှံအဖြစ် မိုးပဲတီစိမ်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
May 11,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ (Grade-5) သင်ရိုးသစ်ကို ကျောင်းသား/သူများအား သင်ကြားပေးမည့် ဆရာ/ဆရာမများကို အရည်အသွေး တိုးတက်မြင့်မားပြီး သင်ရိုးသစ်ဘာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးနှင့် သင်ကြားပို့ချမှုများ အရည်အသွေးကောင်းမွန်စေရေး ရည်ရွယ်ချက်ဖြင့် အထက(၁)ကျောင်းတွင် (Grade-5)သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
May 11,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
May 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် လူငယ်အသင်း(Youth Club)တို့ ပူးပေါင်း၍ မေ ၉ ရက် နေ့လယ် ၁ နာရီက စာရေးဆရာ အတ္တကျော်၏ “သားငယ်တို့နားလည်ဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီရုံးတွင် ကမ္ဘာ့ကြက်ခြေနီနေ့နှင့် ဟင်နရီဒူးနန့်ရုပ်တုဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားမစမီ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ဆုတောင်းပြည့် စေတီတော်တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။