ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်မြင့်မားရေး ဆွေးနွေးပွဲ ဆောင်ရွက်

ရေတာရှည် မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်မြင့်မား​ရေးဆွေးနွေးပွဲကို  ဌာနဆိုင်ရာ တာဝန်ရှိသူများက​ နေ့တွင် ဝါးရုံတော​ကျေးရွာအုပ်စု မျက်နှာပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ် ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင်  အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ဒေသဖွံ့ဖြိုးတိုးတက်စေရေး အတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊  ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်းပံ့ပိုး ဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ လာရောက်တွေ့ဆုံ ဆွေးနွေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း မိဘပြည်သူများ အနေဖြင့်လည်း မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်မျာအား  ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍စိုက်ပျိုးရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးနေလင်း​ဇော်က စိုက်ပျိုးရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယ လက်ထောက်ကြီးကြပ်ရေးမှူး ဦးဟိန်းဇာ​အောင်က တိုင်းရင်းကြက်​မွေးမြူ​ရေး၊ တိရစ္ဆာန်များအစာအဖြစ် ကျွေးမွေးနိုင်သည့် နေဗီယာမြက်များ စိုက်ပျိုးနိုင်ရေး အကြောင်းအရာများနှင့် မွေးမြူရေးကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာအသိပညာပေး  လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ရေတာရှည်(ပြန်/ဆက်)