နယ်ရုံးများ၏သတင်းများ

May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 12,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ဇေယျာသီရိမြို့နယ် ကြက် ခြေနီအသင်း (ခွဲ)တို့ ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်းဆင်းပွဲကို  ယနေ့မွန်းလွဲ ပိုင်းက ကျင်းပခဲ့ကြောင်းသိရှိရသည်။   
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်  ၉ နာရီခွဲ အချိန်က စာပေချစ်မြတ်နိုးသူများအသင်း( Book Club)နှင့် အမျိုးသမီးအသင်း(Women Club)တို့ ပူးပေါင်း၍  ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 12,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၊ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ မေလ ၁၇ ရက်နေ့နံနက် ၁၀ နာရီတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့သည်။
May 12,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့မွန်လွဲ(၁:၃၀)နာရီအချိန်က မူလတန်းကျောင်းသား၊ ကျောင်းသူများနှင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
May 12,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများအရောက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်၍ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်းသိရသည်။
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  လားရှိုးမြို့နယ်အတွင်းရှိ  ကျေးရွာစာကြည့်တိုက်များ  ရှင်သန်ခိုင်မာရေးအတွက် ယမန်နေ့  နံနက်ပိုင်းအချိန်က   လားရှိုးခရိုင်    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊      ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်၊ ဒုတိယဦးစီးမှူး ဒေါ်အိအိသိမ့်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
May 12,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍  ပြည်သူများကျယ်ပြန့်စွာသိရှိစေရန် မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်းအသိပညာပေး (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို မေ ၁၉ ရက် မွန်းလွဲ ၂နာရီက ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ အဆိုပါဦးစီးဌာနရှိ (Community   Centre)ခန်းမတွင် ကျင်းပသည်။