နယ်ရုံးများ၏သတင်းများ

May 12,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ် အောင်ဆန်းခန်းမတွင် ယနေ့ နံနက်၉ နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ယူမည့် ပထမနှစ်ကျောင်းသား/ကျောင်းသူများနှင့် ဘွဲ့ကြိုကျောင်းသား/ကျောင်းသူများအား နွေးထွေးလှိုက်လှဲစွာကြိုဆိုပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 12,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့မွန်းလွဲ ၃နာရီအချိန်မှစတင်ကာ ဉာဏ်စမ်းပဟေဠိ၊ စာစီစာကုံး၊ စာဖတ်စွမ်းရည်၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများနှင့် ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
May 12,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် မြင့်မားရေးအတွက် နည်းပညာပေး‌ဆွေးနွေးပွဲများကို ကျေးရွာအရောက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်‌နေ့ နံနက် ၉ နာရီက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ဇော်ဇော်ဦးနှင့် ဌာနဆိုင်ရာများက စမ်းစုကျေးရွာနှင့်‌ ထောင်ရများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာမြို့နယ်၌ မျိုးဆက်သစ် လူငယ်လူရွယ်များနှင့် စာပေကိုချစ်မြတ်နိုးသော ပြည်သူများ စာပေကိုဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိနိုင်စေရန်၊ စာပေနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာပေမှ ဗဟုသုတများစွာ ရရှိနိုင်စေရန် ရည်ရွယ်၍ မြောက်ဥက္ကလာပမြို့နယ် Book Club အသင်းစာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Commnity Centre) ခန်းမ၌ ဆောင်ရွက်ကြောင်းသိရသည်။
May 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဆိုင်ဆတ်ကျေးရွာရှိ မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
May 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာရေးဆရာမောင်မြင့်ကြွယ် ဘာသာပြန်ရေးသားသည့် အကြွင်းမဲ့ ခေါင်းဆောင်မှု သ‌ဘောတရား စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပသည်။
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီ က တစ်ခုတည်းသောကမ္ဘာမြေ (Only One Earth) ခေါင်းစဉ်ဖြင့်  အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။