ဇေယျာသီရိ မေ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများအရောက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်၍ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စာအုပ်စာစောင်များကွင်းဆင်းငှားရမ်းပေးခြင်းကို ယာယီရပ်နားထားခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းလာမှုကြောင့် ပြန်လည်ကွင်းဆင်း ငှားရမ်းပေးခြင်းဖြစ်ရာ အဆိုပါရွေ့လျားစာကြည့်တိုက်တွင် သုတ၊ ရသ စာအုပ်စာစောင် စုစုပေါင်း (၁၅၀) ပါရှိပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလိုသည့် သုတ၊ ရသစာအုပ်စာစောင် ၅၀ အုပ်ကို ငှားရမ်းပေးခဲ့ပြီး ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် အပတ်စဉ် လဲလှယ်ကွင်းဆင်းငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)